Environmental Awareness Seminar was hosted by Thilawa Special Economic Zone

Tuesday, January 24, 2023

 Thilawa Special Economic Zone hosted the environmental awareness seminar at B.E.H.S Myaing Tar Yar and B.E.H.S Aye Mya Thida, Kyauk Tan Township on 20th and 23rd January respectively. On behalf of investors in TSEZ, Myanmar Japan Thilawa Development Limited led the seminar with the cooperation of JFE MERANTI Myanmar Company Limited. The In-charge person of Environment Section of MJTD shared the topics on the importance of water, the water cycle and how to use water effectively, global warming and its prevention and the Senior Engineer of HSE team of JFE MERANTI Myanmar Company Limited shared on the types of waste, proper waste disposal methods and the importance of clean environment. The seminar aims to promote the awareness of the students (young generations) to students to protect the environment altogether and to raise the knowledge on global warming and able to dispose the waste properly. The speakers used the sets of planned questions for the students to understand and discuss with them and after the seminar, there was the group competition activity to relate and practice on what they have learnt about the disposal of the waste properly during the seminar and all the students who participated to Q&A and Group activity were awarded the special prizes for appreciation of their active participations. The students of 194 numbers from B.E.H.S school Myaing Tar Yar and 150 from Aye Mya Thida school participated in the seminar.                                                               (Community Relation Department)

 

 

 

 

 

                                                                       သီလဝါအထူးစီးပွားရေးဇုန်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ ကျင်းပ

 

                                    

   သီလဝါအထူးစီးပွား‌ရေးဇုန်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျောက်တန်းမြို့နယ်၊ အခြေခံပညာ အထက်တန်း‌ကျောင်း (မြိုင်သာယာ)နှင့် အခြေခံပညာကျောင်းခွဲ (အေးမြသီတာ)တို့တွင် ၂ဝ၂၃ ခု၊ ဇန်နဝါရီလ (၂ဝ) ရက်နေ့နှင့် (၂၃)ရက်နေ့တို့တွင် အသီးသီး ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို သီလဝါအထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူများကိုယ်စား မြန်မာ ဂျပန် သီလဝါ ဒီဗီလော့မန့်လိမိတက် (MJTD) က ဉီးဆောင်စီစဉ်ခဲ့ပြီး JFE MERANTI Myanmar Company Limited က ပါဝင်ပံ့ပိုး ကူညီပေးခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲတွင် MJTD ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန တာဝန်ရှိသူမှ  ရေ၏ အရေးပါပုံ၊ ရေသံသရာလည်ပုံနှင့် စနစ်တကျအသုံးပြုရန် လိုအပ်ပုံ၊ ကမ္ဘာကြီး ပူနွေးလာမှုကို ဝိုင်းဝန်းကာကွယ်ကြရန် စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး JFE MERANTI Myanmar Company Limited ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြီးတန်း အင်ဂျင်နီယာ က  အမှိုက် အမျိုးအစားများ ခွဲခြားခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းနှင့် ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး စသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲကို ကျောင်းသား,ကျောင်းသူ လူငယ်လူရွယ်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်တတ်ရန်, ကမ္ဘာကြီး ပူနွေးလာမှု အကြောင်းကို အသိပညာပေးရန်နှင့် အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ဟောပြောပွဲတွင် ဟောပြောသူများက ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန် မေးခွန်းမေးမြန်း ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အမေးအဖြေ ကဏ္ဍအလိုက် ပါဝင်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဟောပြောပွဲအပြီးတွင် အမှိုက်ခွဲခြား ပစ်တတ်စေရန် လက်တွေ့ လေ့ကျင့်ခန်း၌ ပါဝင်ခဲ့သော ကျောင်းသား/ကျောင်းသူများကိုလည်း  အမှတ်တရ ဆုပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။ ဟောပြောပွဲသို့ အထက (မြိုင်သာယာ) မှ ကျောင်းသား/ ကျောင်းသူ (၁၉၄) ဉီး တက်ရောက်ခဲ့ပြီး အထက (ခွဲ) အေးမြသီတာမှ ‌ကျောင်းသား/ ကျောင်းသူ (၁၅ဝ) ဦး ပါဝင်ခဲ့ပါသည်။  (လူထုဆက်ဆံရေးဌာန)